မတ် ၈ ရက်၊ ၂၀၁၉ တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရရုံး၌ ကရင်တိုင်းရင်းသားရေးရာဝန်ကြီး၊ ဟိုတယ်နှင့်ခရီးသွားလာရေး၊ ပြန်ကြားရေးဝန်ကြီး နော်ပန်းသဉ္ဇာမျိုးနှင့်တွေ့ဆုံရာတွင် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှညွှန်ကြားရေးမှူး၊ လက်ထောက်ညွှန်ကြားရေးမှူးနှင့်တကွ မြန်မာနိုင်ငံဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်း(ရန်ကုန်ဇုန်)မှ ဥက္ကဌ ဦးတင်မြင့်၊ ကော်မတီဥက္ကဌ ဦးသီဟအောင်နှင့် အတွင်းရေးမှူး ဒေါ်သိင်္ဂီလင်းတို့နှင့်အတူ Fill In Co., Ltd မှ တာဝန်ရှိသူများတက်ရောက်ခဲ့ပြီး ရန်ကုန်ဇုန်မှကြီးမှူးသော၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ၊ (၂၀၊ ၂၁၊ ၂၂) ရက်နေ့များတွင် ကျင်းပပြုလုပ်မည့် “Yangon Then & Now Hotel Expo 2019” ပွဲအကြောင်းရှင်းလင်းတင်ပြခဲ့ပြီး ဝန်ကြီးမှလိုအပ်သည်များ၊ပံ့ပိုးပေးနိုင်မှုများနှင့် လမ်းညွှန်မှုများပေးခဲ့ပါသည်။